Tuesday, 15 July 2008

Strategy Paper: Towards the Final Phase of the Democracy Revolution

This paper analyized the strength and weaknesses of both the Burmese dictators and the Democratic Forces. It also asked serious strategic questions for all who strive to restore democracy and freedom for Burma to ponder.

နိုင်ငံရေး အယူအဆ များ ဝေမျှ ဖလှယ်ခြင်း။
A . အာဏာရှင် စစ်အစိုးရ ၏အားသာချက်များ။

၁။ ကြေးစား လက်နက်ကိုင် တပ်ဖွဲ့အားလုံး သူတို့လက်ထဲတွင် ရှိသည်။
၂။ နိုင်ငံ့ဘဏ္ဍာတော်ငွေ နှင့် သယံဇာတများ အထိမ်းအကွတ်မရှိ၊ သုံးစွဲနေသည်။
၃။ တရုတ်၊ အာစီယံ၊ အန္ဒိယ၊ ရုရှား နိုင်ငံတိုနှင့် သမီးပေးသမက်ရ စံနစ်ကိုကျင့်သုံးနေသည်။
၎။ လူမျိုးစုများ အပါအ၀င်ဖြစ်သည့် ဒီမိုကရေစီအင်အားစု၏ စည်း လုံးမှုသည်ကျစ်လစ်မှုမရှိသည့်အပြင် ဒီမိုကရေစီ စံနစ်ကို ရာနှန်း ပြည့် နားလည် ယုံကြည် ကျင့်သုံး မှု မရှိကြပေ။

B . အာဏာရှင် စစ်အစိုးရ ၏အားနဲချက်များ။

၁။ အာဏာရှင်စစ်အစိုးရသည် တိုင်းပြည်အာဏာကို မတရား လုယူထား ခြင်း ဖြစ်သဖြင့် တရားဝင် ရပ်တည်နိုင်ခြင်း မရှိပေ။
၂။ ထိပ်တန်း ခေါင်းဆောင် များသည် အသက် ကြီး ရင့် ကြပြီ ဖြစ်ပြီး၊ ကျမ္မာ ရေး အခြေအနေ မကောင်းကြပေ။
၃။ မြန်မာစစ်တပ်အတွင်း၊ ယခင်ခေတ်များ ကလို စစ်တပ်တွင်း ဥပဒေဖြင့် တည် ဆောက်ကွတ်ကဲ ထားသော အဆောက်အ အုံ များ မရှိတော့ပဲ လူ ပုဂ္ဂိုလ်တစ်ဦးချင်းစီ ၏ ကွတ်ကဲမှု ပေါ်တွင် တည်ရှိနေ သည့်အ တွက် အချိန်မရွေး အခြေအနေပြောင်းပါက၊ ဖရိဖရဲ၊ ပြိုလဲနိုင်သည်။
၎။ တခြား အစိုးရ အဆောက်အအုံ များ သည် လည်း မထူးမခြား နား၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်း များ မရှိတော့ပေ။ အချိန်မရွေး အခြေအနေ ပြောင်းပါက၊ ဖရိဖရဲ ပြိုလဲနိုင်သည်။
၅။ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ သြစထြေး လျား၊ ဂျပန် စသည့်အင် အားကြီးနိုင်ငံများနှင့်အဖွဲ့အစည်းများ၏ ထောက်ခံမှုများ ကိုမရရှိနိုင်ပေ။
၆။ တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် ရဟန်း ရှင်လူ ပြည်သူ လူထု တရပ်လုံး ၏တူးတူးခါးခါးဆန့်ကျင်မှုကိုရင်ဆိုင် နေကြရ သည်။ အထူးသဖြင့်ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် ပြည်သူ လူထု တရပ်လုံး ၏ စစ်အစိုးရအပေါ် စက်စုတ် ရွံရှာမှု၊ ဆန့်ကျင်မှု သည် အထွတ် အထိတ်သို့ရောက်ခဲ့သည်။
၇။ နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သောနိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့၊ ILO, ကမ္ဘာ့ကြက်ခြေနီအသင်းကြီး စသည် တို့ သည် အာဏာရှင် စစ် အစိုးရ ၏ လုပ်ရပ်တို့ကိုမျက်စေ့ဒေါက်ထောက်ကြည့်ကာ သူတို့၏ မတရားသဖြင့် ပြည်သူကိုအနိုင်ကျင့်စော်ကားမှုများကို ကမ္ဘာသိ အောင် အဆက်မပြတ်ဖွင့်ချရှုတ်ချလျက်ရှိသည်။
၈။ အာဏာရှင် စစ်အစိုးရ ၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ အ သိုင်းအ၀ိုင်းတွင်အဖတ် ဆယ်မရအောင်ပျက်စီးနေပြီဖြစ်သည်၊ ၄င်းတို့၏ ဂုဏ်သိက္ခာ ကိုပြန်လည် အဖတ်ဆယ်ရန် လွယ်ကူမည် မ ဟုတ် ပေ။ ယင်းသို့ အဖတ်ပြန် မဆယ်နိုင်သမျှ နိုင်ငံတကာ၏ ယုံကြည်မှု ထောက်ခံမှု ရရန် လွယ်ကူ မည်မဟုတ်ပေ။
နိုင်ငံတကာမှသာမန်ပြည်သူများကပင်မြန်မာ အာဏာရှင် စစ်အစိုးရအား အထင်အမြင်သေး၊ စက်စုတ်ရွံရှာလျက်ရှိသည်။ အထူးသဖြင့် နာဂစ် မုန်တိုင်း မြစ်ဝကျွန်းပေါ်တွင် မွှေနှောက် အပြီး စစ်အစိုးရ၏ သေးသိမ်ညံ့ ဖျင်း အောက်တန်းကျလှသည့် တုန့်ပြန်မှု များကို ကမ္ဘာ့ပြည်သူများမျက်ဝါးထင်ထင်တွေ့ ရှိခဲ့ကြရသဖြင့် အာဏာရှင် စစ်အစိုးရ ၏ဂုဏ်သိက္ခာသည် ကမ္ဘာ့အလယ်တွင်ရစရာမရှိလောက်အောင် ကျဆင်းနေပြီ ဖြစ်သည်။
၉။ ဖေါ်ပြပါအကြောင်းအရပ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှပ်နှံသူလျော့နဲသထက်လျော့နဲ လာသည့်အပြင်၊ လောင်စာဆီ ဈေး အစမတန် မတရားမြှင့်တင် လိုက်သည့် အတွက် တိုင်းပြည် စီးပွားရေး ကပ်စိုက်ရန်ဦးတည် နေပြီဖြစ်သည်။ အာဏာရှင် စစ်အစိုးရသည် တိုင်းပြည်အ၀ှမ်း ကပ်စိုက်လာမည့် စီးပွားရေး အခြေအနေဆိုး အား ကျော်လွှား ရန်အတွက် မည်သို့မျှ တတ် စွမ်းနိုင်မည်မဟုတ်ပေ။ အထွေထွေအကြပ်အတည်း နှင့်ရင် ဆိုင်ရန် အချိန်ကျရောက် လာပြီ ဖြစ်သည်။ တိုင်းပြည်နှင့်အ၀ှမ်း ကြီးမားသော လူမှုရေး ချွတ်ခြုံကျမှု တခု ဖြစ်ပေါ်ရန်အတွက် တာစူနေပြီဖြစ်သည်။
၁၀။ အာဏာရှင် မြန်မာစစ်အစိုးရအား နိုင်ငံတကာ မှသြဇာ ညောင်းသော မီဒီယာ လောက တခုလုံးက ယုံကြည်လေး စားမှု အလျင်းမရှိ သည်မှာ အလွန်ကြာညောင်းခဲ့ပြီဖြစ်သည်။
၁၁။ အာဏာရှင် မြန်မာစစ်အစိုးရအား ကမ္ဘာ့ ဘာသာရေး ဂိုင်းချုပ်များ နှင့် ၄င်းတို့နှင့် နီးစပ်သော အဖွဲ့ အစည်းများ က လည်း ယုံကြည် လေး စားမှု အလျင်းမရှိပေ။
၁၂။ အာဏာရှင် မြန်မာစစ်အစိုးရ လက်အောက်ရှိအစိုးရ အ ဆောက်အအုံများ အတွင်းမှ တပ်ဖွဲ့များအပါအ၀င်၊ ထိပ်တန်း လက်တစုပ်စာ အခွင့်ထူးခံ လူတန်းစား မှလွဲ၍ အလယ်တန်း၊ အောက်တန်းမှ အမှုထမ်းအရာထမ်းများ သည် ပင်လျင် အာဏာရှင် စစ်အစိုးရ အား တကယ် တန်း ထောက်ခံကြ သည်မဟုတ်ပေ။
၁၃။ ကြန့်ဖွတ်၊ စွမ်းအားရှင်အဖွဲ့ အစရှိသည်တို့ကိုမွေးစားပြီး၊ လူထုအော့နှလုံးနာအောင်ဖန်တီးပေးနေခြင်းအားဖြင့်၊ ဥပဒေ မရှိသော နိုင်ငံအဖြစ်သက်သေပြနေသည်။

C . ဒီမိုကရေစီ အင်အားစုများ ၏ အားသာချက်များ။

၁။ အထက်ဖေါ်ပြပါ အာဏာရှင်စစ်အစိုးရ၏ အချက် (၁၃) ချက်ပါ အားနဲချက်များ အားလုံးသည် ဒီမိုကရေစီ အင်အားစုတို့ ၏ အားသာချက်များ ပင်ဖြစ်၏။
၂။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍသည်၊ (သူကိုယ်တိုင် လက်ရှိအနေအထားတွင် လွတ်လပ်စွာ မလှုပ်ရှား နိုင်သည့်တိုင် အောင်) ပြည်တွင်း နှင့် နိုင်ငံတကာ အ သိုင်း အ၀ိုင်းတွင် ဒီမိုကရေစီအင်အားစု၏ကြီးမားသော အား သာ ချက် ဖြစ်သည်။
၃။ အာဏာရှင် မြန်မာစစ်အစိုးရအား အယုံအကြည်မရှိသည့် နိုင်ငံတကာအစိုး ရများ၊ ကမ္ဘာ့ပြည်သူများ၊ ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့မီဒီယာများ ၏ ကိုယ်ခြင်း စာနာမှုကို အပြည့် အ၀ ရရှိ ထား သည်။
၎။ နိုင်ငံရေးသေနင်္ဂဗျူဟာ တွင်သေရေးရှင် ရေးတမျှအရေး ကြီးလှသည့် အခွင့်အခါ ကောင်း၊ အချိန်ကောင်း နှင့် ကြုံကြိုက်မှု သည် ယခုအချိန်တွင် ဒီမိုကရေစီ အင်အား စုများ ဖက်တွင် လုံးလုံးလျားလျား အလေးသာ ရပ်တည် လျက်ရှိနေပြီဖြစ်၏။
D . ဒီမိုကရေစီအင်အားစုများ၏အားနဲချက်များ။
၁။ အထက် ဖေါ်ပြပြီးသော အချက်(၄)ချက်ပါ အာဏာရှင်စစ် အစိုးရ၏အားသာချက်များ အားလုံးသည် ဒီမိုကရေစီအင် အားစု ၏ အားနဲချက်များ ဖြစ်၏။
၂။ ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ပြည်တွင်းပြည်ပ (လူမျိုးစုများအပါအ၀င်ဖြစ်သော) ဒီမိုကရေစီအင်အားစု တရပ်လုံး ကို စုစည်းသိမ်းသွင်းနိုင်မည့် ပုဂ္ဂိုလ်၊ ခေါင်းဆောင် မရှိ ပေ။

အရေးကြီးသော သေနင်္ဂဗျူဟာ မေးခွန်းများ။

၁။ အာဏာရှင် စစ်အစိုးရ၏ နေအိမ်တွင် အကျဉ်းချထားခြင်းကို ခံနေရသည့် ဒေါ်အောင် ဆန်းစုကြည် တဦး တည်း ကိုသာ ပုံ အပ်အားကိုးခဲ့ သော သေနင်္ဂဗျူဟာ အမှား ကိုမည် သို့ မည် ပုံကျော်လွှားကာ၊ မိမိ တို့ဒီမိုကရေစီအင်အားစုများ ၏ အား နဲချက်များကို မည်သို့ မည်ပုံအားသာချက်ဖြစ်အောင်ပြု လုပ် နိုင်မည်နည်း၊ မိမိတို့၏ အားသာချက်အားလုံးကို မည် သို့ မည်ပုံ အခွင့် ကောင်းအခါ ကောင်းကိုလက်လွတ်မခံပဲ အချိန်မှီ အသုံးချ ထုတ်သုံးကြမည်နည်း။ (ဒေါ် အောင် ဆန်းစုကြည် ကလည်း သူ့ကိုပုံအပ် ကာ စောင့် မနေပဲ ဆက် လက်လှုပ်ရှား ကြရန် မှာကြားခဲ့ပြီး ဖြစ်သည် ကိုသတိမူ ကြ ရန် အလွန့်အလွန် အရေးတကြီး လို အပ်နေ ပြီဖြစ်သည်။)

“အကောင်းဆုံးကိုမျှော်လင့်၊အဆိုးဆုံးကိုရင်ဆိုင်ဖို့အသင့်ပြင်ကြ!” -အောင်ဆန်း စုကြည် -

၂။ တရုတ်၊ အန္ဒိယ၊ အာစီယံ၊ ရုရှား စသည့်နိုင်ငံတို့သည် အာ ဏာသရမ်းနေသော အာဏာရှင် မြန်မာ စစ်အစိုးရအား ဆက် လက် အကာကွယ်ပေး နေရန် လွန်စွာမှ ဘေး ကြပ်နံကြပ် ဖြစ်နေကြရသည်မှာ အထင်အရှားပင်ဖြစ်၏။
သို့သော်လည်း - မြန်မာနိုင်ငံအတွင်းရှိ အစိုးရအဆောက်အအုံ များ၊ အထူးသဖြင့် ကြည်း၊ရေ၊လေ၊ရဲတပ်ဖွဲ့ စသည့် လက်နက် ကိုင်အဖွဲ့အစည်းများသည် အာဏာရှင်စစ်အစိုးရတို့ ပြိုကျခဲ့ သည်ရှိသော်၊ ထိမ်းမနိုင်သိမ်းမရ ဖြစ်ကာ စစ်အစိုးရ၏ နေရာတွင်အလျင်အမြန်အစားထိုးဝင်ရောက်နိုင်မည့် ခိုင်မာကျစ် လစ်သော အစိုးရအဖွဲ့အစည်းတရပ်မရှိပါက အာဏာလစ်လပ်မှု တရပ်ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြ၏။ (မြောက်ကိုးရီးယား အစိုးရပြိုလဲပါက ဖြစ်ပေါ်လာမည့် အာဏာလစ်လပ်မှု နှင့် နောက်ဆက်တွဲရှုပ်ထွေးသည့်ပြဿနာတို့ကို စိုးရိမ်ပြီး ကွန်မြူနစ် တရုတ်ပြည် နှင့် ဒီမိုကရက်တစ် တောင်ကိုးရီးယားတို့မှ အာဏာ သရမ်း မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအီးလ် အား ကြား ကန်ပေးထားရသည် နှင့် အလား သဏ္ဍန်တူဖြစ်၏)။ ယင်းသို့ အာဏာလစ်လပ်မှု မဖြစ်ပေါ်လာရန် အတွက်ဒီမိုကရေစီ အင်အားစု မှ မည်သို့သော အစားထိုး မှု များ၊ ကြိုတင် ပြင်ဆင် မှုများ လုပ်ထားကြမည်နည်း။

၃။ အထက်ပါနိုင်ငံရေး တွေးမြင် သုံးသပ်ချက်များအရ၊ အာဏာ ရှင် စစ်အစိုးရ ဖက်တွင် အားသာချက်များ ထက် အားနဲချက်များ ကသာလွန်များ ပြားနေ သည်ကိုတွေ့ရှိရပြီး၊ ဒီမိုကရေစီ အင်အား စုများဖက်တွင် အား နဲ ချက်များ ထက် အားသာချက်များက သာ လွန်များ ပြားနေ ကြောင်း အထင်အရှားတွေ့မြင်နိုင်ပါသည်။ သေနင်္ဂဗျူဟာအရ၊ ဒီမိုကရေစီအင်အားစုမှ အပေါ်စီး အနေအ ထား တွင်ရှိနေ ပါသည်။
အောက်စီး အနေအထားမှ အာဏာရှင်စစ်အစိုးရ ထံ သို့ ပန် ကြား လွှာများ၊ ကြေညာ ချက် များ၊ အကြံပြုချက်များ ပေးပို့ ထုတ် ပြန် နေရမည့် အချိန်အခါ အလျင်း မဟုတ် တော့ပေ။

၎။ အချိန်မရွေးပေါက်ကွဲနိုင်သည့်အနေအထားတွင် ရှိနေ သော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အနေအထားများပေါ်တွင် ရပ်တည် နှစ်လုံးသွင်းကာ၊ သွေးထွက်သံယိုမှု နဲနဲနှင့် ဒီမိုကရေစီအသွင်သို့ ပြောင်းလဲနိုင်ရေးကို ရှေ့ရှု၍ လူမျိုးပေါင်းစုံ၊ ရ ဟန်းရှင်လူ ပြည်သူ တရပ်လုံးပါဝင်သော ဒီမိုကရေစီ အင်အား စု တခု လုံးမှလူ မျိုး၊ ပါတီ၊ နယ်နိမိတ် ဒေသစွဲများ ကိုကျော်ဖြတ် ကာ စည်းစည်းလုံး လုံး ဟန်ချက်ညီညီဆောင်ရွက်နိုင်ရေး အ တွက် အတူတကွ နည်း လမ်းရှာဖွေ လှုပ်ရှားကြပါစို့။

ဆလိုင်းကစ်(ပ် ခိုလျန်

Coordinator – CHIN FORUM
Coordinator – Union of Burma Ethnic Affairs Network (EUROPE)
ပြည်ထောင်စုမြန်မာနိုင်ငံလူမျိုးစုရေးရာနှီးနှောဖလှယ်ပွဲ(ဥ ရောပ)
၂၂ ဂျွန်လ ၂၀၀၈။ ဖရန်းဖတ်မြို့၊ ဂျာမဏီနိုင်ငံ တွင်ဖတ်ကြား သည့်စာတန်း

1 comment :

- said...

ဒီလိုတန်ဖိုးရှိတဲ့ စာတန်းကို ရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံကို ကျွန်ပြု ချယ်လှယ်နေ ကြတဲ့ စစ်ခေါင်းဆောင်တွေ ဟာ မိမိခင်းခဲ့တဲ့ အမှုမှာ ပတ်ခြာလည်နေကြပြီး နောက်ဆုတ် မရ ရှေ့တိုးလို့လည်း မဖြစ်၊ ဖြစ်နေကြပါတယ်။ သံဝေဂတရား၊ မေတာတရား ဆိုတာကို ဥပခါချထား ကြပါတယ်။ သူတို့ဟာ ခေတ်သစ် ဖက်စစ်တွေပါ။